Sunday, December 30, 2012

Program ကိုပိတ်လိုက်တာနဲ့ DLL File များကို ဖြုတ်ချခြင်း

DLL ဆိုတာ Dynamic Link Libraries ဖြစ်ပါတယ်။ လည်းကောင်း File တစ်ခုချင်းစီတွင် Windows ကနေ လိုအပ်သလို သက်ဆိုင်ရာ DLL File ကို ခေါ်သုံးတဲ့အခါမှာ အသုံးတော်ခံဖို့ သက်ဆိုင်ရာ Data တွေ Function တွေပါရှိကြပါတယ်။  နောက်ပြီးသိထားရမှာက မည်သည့် Windows Software မှာမဆို ဒီသက်ဆိုင်ရာ Software ရဲ့ DLL File တွေပါရှိကြပါတယ်။ ဒီ Software တွေထဲက DLL  File တွေကို လိုအပ်သလို ၊ လိုအပ်လာတဲ့အချိန်မှာ XP ဟာ သက်ဆိုင်ရာ DLL File ကို Memory Cache သဖွယ် ဆွဲ တင်ထားခြင်း အားဖြင့် အလုပ်အလုပ်မှုကို ပိုမြန်ဆန်စေပါတယ်။
    ပြသနာက အခုမှစတာဗျ။ WindowsXP ဟာသက်ဆိုင်ရာ Program ပိတ်လိုက်သည့်တိုင် Memory ထဲမှာ ခုနက ပိတ်လိုက်တဲ့ Program ရဲ့ DLL File တွေဖြုတ်မချသေးတာပဲ။ ဒီတော့ Memory နေရာ ပုပ်တာ ပေါ့ဗျာ။ ဒီတော့ကား Program ပိတ်လိုက်တာနဲ့ သူနဲ့ပက်သက်နေတဲ့ DLL File တွေဟာ Memory ထဲကနေ Unload ဖြစ်သွားရမယ်။ မဖြစ်ရင် အတင်းကန်ချသလိုပေါ့ဗျာ။ By Force လုပ်စေချင် တယ်။  ကဲဒါကို By Force ပြောချင်တယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရအောင်_
၁။  Regedit ကို Run ပြီး Registry Editor ထဲဝင်ပါ။
၂။  HKEY_LOCAL_MACHINE\Software\Microsoft\Windows\Current Version\ Explorer ကိုသွားလိုက်ပါ။
၃။  အဲ့ဒီမှာ Always Unload DLL မှာ Value ကို 1 လို့ပေးထားခြင်း အားဖြင့် Program တစ်ခု Close လုပ်တိုင်း Halt ဖြစ်သွားတိုင်းမှာ သက်ဆိုင်ရာ DLL ကို ဟေ့ကောင်မင်းသွားတော့ကွာ ဆိုပြီး Memory ကနေ အတင်းကန်ချလိမ့်မယ်။
                                    အဆင်ပြေကျပါစေ။
                                                   ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment